Withdrawn Sterling Banknotes (GBP)

စတာလင်ပေါင် အဟောင်းများ မဝယ်မိရန်

အင်္ဂလန် အလည်သွားမည့် ဧည့်သည်များ စတာလင်ပေါင် (Sterling Pound GBP) ဝယ်ပါက အထူး သတိပြုပါ။

၅ ကျပ်တန်
၁၀ တန်
၂၀ တန်
၅၀ တန် စသည့်
အင်္ဂလန် ဗဟိုဘဏ်မှ ကြေညာထားသည့် ဆက်လက် အသုံးမပြုတော့သည့် ငွေစက္ကူ အဟောင်းများ ရှိပါတယ်။ ဝယ်လာမိပါက မည်သည့်ဆိုင်မှ လက်မခံပါ။
လုံးဝပယ်ဖျတ်ခြင်း မဟုတ်ပါ။ မူရင်းတန်ဖိုး မပြောင်းလဲပါ။ အတုအပ စသည်များကို ဟန့်တားနိုင်ရန် စထုတ်တာကနေ ကာလ တခုကြာပြီးတိုင်း လက်ရှိ ငွေစက္ကူကို ရပ်နားပြီး ပုံစံအသစ်၊ ပစ္စည်းအမျိုးအစား အသစ်၊ နည်းပညာ အသစ်များဖြင့် (ဥပမာ စက္ကူမှ ပလက်စတစ်အဖြစ်) ဖြင့် ပြန်ထုတ်တာကြောင့် အများပြည်သူကြားမှာ အသုံးပြုခွင့် ရပ်စဲခြင်း ဖြစ်ပါတယ်။ အင်္ဂလန်က ဘဏ်စာရင်းထဲ ထည့်ခွင့်ရှိသည့်တိုင် အရွတ်ရေများပါက မည်သို့ ရရှိသည်၊ မည်သူ့စီကရသည်၊ ဘာအတွက် ရသည် စသည့် စသည့် မေးခွန်းများ မေးမြန်းစစ်ဆေးတာကြောင့် အလွယ်တကူ မရှိပါ။ ဒါကြောင့် စစ်ဆေးပြီးမှ ဝယ်ယူကြဖို့ အကြံပေးလိုပါတယ်။

အောက်ပါပုံများမှာ မကြာမီက ရပ်စဲထားသည့် ငွေစက္ကူ နမူနာများဖြစ်ပါတယ်။

(Withdrawn Banknotes Samples from Bank of England Website)

လက်ရှိအသုံးပြုနေသော ငွေစက္ကူများကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.bankofengland.co.uk/banknotes

လက်ရှိအသုံး မပြုတော့သော ငွေစက္ကူများကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.bankofengland.co.uk/banknotes/withdrawn-banknotes

Why Visita Travel

 

Tailor-made packages

Tailor-made packages

For company incentive groups, leisure groups, family holidays and educational trips.

Unique accommodations

Unique accommodations

Our chosen accommodations are unique with both modern and traditional hotels.

Groups for any sizes

Groups for any sizes

We offer escorted group tours from small to corporate groups, to global clients.

A variety of locations

A variety of locations

We cover the whole of UK and the major European destinations.