One Visa for 26 European Countries

ဗီဇာတစ်ခုတည်းဖြင့် ဥရောပ ၂၆နိုင်ငံ သွားနိုင်မည်

Schengen (ရှန်းကန်) Visa သည် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီမှု ရယူထားသော ဥရောပရှိ နိုင်ငံ ၂၆ နိုင်ငံအတွင်း သွားလာခွင့်ရှိသည့် ဗီဇာ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် ဥရောပနိုင်ငံ ၅ နိုင်ငံမှ ဦးဆောင်ပြီး လွတ်လပ်စွာ နယ်ခြားဖြတ်သန်းမှုကို သဘောတူညီ ခဲ့ကြသည်။ ထို့နောက် Luxembourg နိုင်ငံရှိ Schengen ဟုခေါ်သည့် ရွာငယ်လေး တွင် သဘောတူညီမှု လက်မှတ်ထိုးခဲ့ကြသဖြင့် Schengen agreement, Schengen visa စသည်ဖြင့် ခေါ်လေ့ရှိသည်။ ယနေ့အခါတွင် ရှန်းကန် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံအထိရှိသည်။ ဥရောပရှိ နိုင်ငံအားလုံး Schengen အဖွဲ့ဝင် မဟုတ်သော်လည်း ခရီးသွားအများ လည်ပါတ်လေ့ရှိသော နိုင်ငံအများစု ဖြစ်သည့် ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျာမနီ စသည့်နိုင်ငံ များသည် ရှန်းကန်အဖွဲ့ဝင် နိုင်ငံများဖြစ်သည်။

ဥရောပတိုက်ရှိ (Europe) နိုင်ငံ – ၅၀
ဥရောပသမဂ္ဂ္ဂဝင် (European Union) နိုင်ငံ -၂၈
Schengen အဖွင့်ဝင် (Schengen State) နိုင်ငံ – ၂၆
Norway, Iceland, Switzerland နှင့် Liechtenstein (၄ နိုင်ငံ) သည် ဥရောပသမဂ္ဂ္ဂထဲတွင် မပါဝင်သော်လည်း ရှန်းကန် အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် Schengen Visa ဖြင့် ပြည်ဝင်ခွင့် ရှိသည်။

လက်ရှိ ရှန်းကန် အဖွင့်ဝင် (Schengen State) နိုင်ငံ – ၂၆ နိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

Austria
Belgium
Czech republic
Denmark
Estonia
Finland
France
Germany
Greece
Hungary
Iceland
Italy
Latvia
Lithuania
Luxembourg
Malta
Netherlands
Norway
Poland
Portugal
Slovakia
Slovenia
Spain
Sweden
Switzerland
Liechtenstein

မှတ်ချက်။ အထက်ပါ အချက်အလက်များသည် ဗဟုသုတအဖြစ် သိနိုင်ရန် စုဆောင်းတင်ပြဖြင်းသာဖြစ်သည်။ အချက်အလက် မှားယွင်းမှုများရှိပါက တင်ပြသူမှာ တာဝန်မရှိပါ။

Schengen Visa ဘယ်လို လျှောက်မလဲ ဆိုတာကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Why Visita Travel

 

Tailor-made packages

Tailor-made packages

For company incentive groups, leisure groups, family holidays and educational trips.

Unique accommodations

Unique accommodations

Our chosen accommodations are unique with both modern and traditional hotels.

Groups for any sizes

Groups for any sizes

We offer escorted group tours from small to corporate groups, to global clients.

A variety of locations

A variety of locations

We cover the whole of UK and the major European destinations.